JellyPages.com

Tuesday 11 October 2011

ပေးလှူခြင်း၏ အကြောင်းရှစ်ပါး...

ဒါနဝတ္ထုသုတ်

ရဟန်းတို့ ပေးလှူခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁...ချစ်မြတ်နိုးသဖြင့် အလှူကို ပေးလှူ၏၊

၂...အမျက်ထွက်သဖြင့် အလှူကို ပေးလှူ၏၊

၃...မိုက်မဲတွေဝေသဖြင့် အလှူကို ပေးလှူ၏၊

၎...ကြောက်သဖြင့် အလှူကို ပေးလှူ၏၊

၅...အဖ အဘိုးတို့သည် လှူဖူး၏၊ ပြုဖူး၏၊ ရှေးလူကြီးတို့၏ အမျိုးအနွယ်ကို ယုတ်စေရန် မထိုက်ဟု အလှူကို ပေးလှူ၏၊

၆...ငါသည် ဤအလှူကို လှူ၍ ကိုယ်ခန္ဓာ ပျက်ကြွေ သေသည်မှ နောက်၌ ကောင်းမှုပြုသော သူတို့၏ လားရာဖြစ်သော နတ်ပြည် လောက၌ ဖြစ်ရပေလိမ့်မည်ဟု အလှူကို ပေးလှူ၏၊

၇...ဤအလှူကို လှူသော ငါ့အား စိတ်ကြည်လင်၏၊ နှစ်သက်သော စိတ်ရှိသော အဖြစ်, ဝမ်းမြောက်သော စိတ်ရှိသော အဖြစ်သည် ဖြစ်၏ဟု အလှူကို ပေးလှူ၏၊

၈...သမထ ဝိပဿနာ စိတ်၏ အဆင်တန်ဆာ အခြံအရံ အလို့ငှါ အလှူကို ပေးလှူ၏။ ရဟန်းတို့ ပေးလှူခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။ 33

၃ - ဒါနဝတ္ထုသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments :

Post a Comment